ကျွန်ုပ်တို့၏ အကြောင်း

Nice Fare ဆိုသည်မှာ ကျသင့်သည့် ဝန်ဆောင်မှုတန်ဖိုးထက် စိတ်ချမ်းသာကျေနပ်မှု အပြည့်အဝ ပေးနိုင်သော ခရီးသွားဝန်ဆောင်မှု လုပ်ငန်းရုံးတစ်ရုံးဖြစ်ပါသည်။

Nice Fare Travel & Tour ရုံးတည်ထောင်သူ ဦးသွင်ထူးအောင်သည် မြန်မာနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီး၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်လစ်ဟာနေသော ဝန်ဆောင်မှုတစ်ခုဖြစ်သည့် (၂၄)နာရီဝန်ဆောင်မှုပေးသော ခရီးသွားလုပ်ငန်းကို (၂၀ဝ၄) ခုနှစ်၊ မတ်လ မှစ၍ ပထမဦးဆုံးတည်ထောင်နိုင်ခဲ့သူလည်း ဖြစ်ပါသည်။

Nice Fare Travel & Tour သည် ပြည်တွင်းခရီးသွားလုပ်ငန်းလိုင်စင်အမှတ်(ခ-ဝ၉၉၁)၊ ပြည်ပ ခရီးသွား လိုင်စင်အမှတ်(ပခ-ဝ၀၂၆)၊ IATA လိုင်စင် အမှတ် (ဝ၅-၃၀၁၀၆၃)၊ UMTA အဖွဲ့ဝင်အမှတ် (၂၈၅) တို့ ရရှိထားပြီး မြန်မာနိုင်ငံ ပြည်တွင်း-ပြည်ပ ခရီးသွားလုပ်ငန်းကို ယနေ့ထိတိုင်အောင် ဝန်ဆောင်မှု ပေးလျှက်ရှိသော ရုံးတစ်ရုံးဖြစ်ပါသည်။

Nice Fare Travel & Tour ၏ ဝန်ဆောင်မှုများမှာ-

၁။ ပြည်တွင်း-ပြည်ပလေယာဉ်လက်မှတ်များရောင်းချခြင်း ဝန်ဆောင်မှု။

၂။ ပြည်တွင်း-ပြည်ပကားအငှား ဝန်ဆောင်မှု။

၃။ ကုမ္ပဏီ အသင်းအဖွဲ့များ၊ မိသားစုများ၊ မိတ်ဆွေအပေါင်းသင်းများ၊ကျောင်းသား/ကျောင်းသူများ အဖွဲ့လိုက် ပြည်တွင်းခရီးစဉ် နှင့် ပြည်ပခရီးစဉ်များ စားရိတ်ငြိမ်းဝန်ဆောင်မှု။

၄။ ပြည်တွင်း-ပြည်ပဟိုတယ်အခန်းများငှားရမ်းခြင်းဝန်ဆောင်မှု။

၅။ နိုင်ငံတကာပြည်ဝင်ခွင့်ဗီဇာလျှောက်ထားခြင်း ဝန်ဆောင်မှု။

၆။ ခရီးသွားအသက်အာမခံနှင့်ခရီးဆောင်အိတ်များအာမခံထားရှိခြင်း ဝန်ဆောင်မှု။

၇။ ရန်ကုန်မြို့တွင်းအခမဲ့အိမ်အရောက်ပို့ ဝန်ဆောင်မှု။

၈။ ပိတ်ရက်မရှိ (၂၄)နာရီ ဝန်ဆောင်မှု။

Nice Fare Travel & Tour သည် မြန်မာနိုင်ငံအတွင်းရှိ ပြည်ပမှအခြေစိုက် ကုမ္ပဏီကြီးများ၊ အစိုးရအဖွဲ့အစည်း ဝန်ကြီးဌာနများ၊ NGOအဖွဲ့အစည်းများ၊ နိုင်ငံတကာ ပညာရေးကောလိပ်များ၊ ပြည်တွင်းစီးပွားရေး လုပ်ငန်းကြီးများ၊ ပြည်ပသို့ ပညာသင်သွားရောက်မည့် ကျောင်းသား/ကျောင်းသူများ၊ နိုင်ငံအသီးသီးသို့ သင်္ဘောတက်ရောက်မည့် သင်္ဘောသားများ၊ နိုင်ငံရပ်ခြားသို့ သွားရောက် အလုပ် လုပ်ကိုင်မည့် သူများ၊ ဘာသာရေးအသင်းအဖွဲ့များ စသည့်ခရီးသွားခြင်းဆိုင်ရာ လိုအပ်ချက်များကို ပိတ်ရက်မရှိ(၂၄)နာရီ ဝန်ဆောင်မှုပေးနေပြီး Nice Fare Travel နှင့် အကျိုးတူစီးပွားဖက်၊ တဆင့် ပြန်လည်ရောင်းချလိုသည့် Sub-Agent ပေါင်း (၃၀ဝ)ကျော်ကိုလည်း ချိတ်ဆက်တာဝန်ယူပြီး ဝန်ဆောင်မှုပေးနေသော ရုံးတစ်ရုံးဖြစ်ပါသည်။

Nice Fare Travel & Tour နှင့် ဆက်စပ်ပြီး Nice Fare Service လုပ်ငန်းအနေဖြင့်လည်း ဆောင်ရွက် လျှက်ရှိပြီး Royal Ruby Hotel ၊ Pea Encom Myanmar Company Limited လျှပ်စစ်ပစ္စည်းဖြန့်ချီရေး၊ ROYAL RUBY RESORT လုပ်ငန်းတို့ကို တစ်ဦးတည်းပိုင်လုပ်ငန်းများအဖြစ် ပိုင်ဆိုင်ပြီး၊ အမြဲတမ်းဝန်ထမ်း(၃၀ဝ)ကျော်နှင့် လည်ပါတ် လုပ်ကိုင်နေသော ကုမ္မဏီ တစ်ခုဖြစ်ပါသည်။

Nice Fare Travel & Tour ကို အဘယ်ကြောင့်ရွေးချယ်သင့်ပါသလဲဆိုလျှင် ကျွမ်းကျင်ဝန်ထမ်းများ၏ စေတနာအရင်းခံ၍ တိကျမြန်ဆန်သော ဝန်ဆောင်မှု ပေးနိုင်ခြင်း၊ ပိတ်ရက်မရှိ (၂၄)နာရီဝန်ဆောင်မှုပေးနိုင်ခြင်း၊ မြို့တွင်း အခမဲ့ အိမ်အရောက်ပို့စနစ် ဝန်ဆောင်မှုရှိခြင်း၊ ဝန်ဆောင်မှု လုပ်ငန်းကို စေတနာထား လုပ်ကိုင်နိုင်သော အမြဲတမ်း ဝန်ထမ်းများနှင့် ဖွဲ့စည်းထားခြင်း၊ ခိုင်မာတောင့်တင်းသော စီးပွားရေးလုပ်ငန်းကြီးများကို ဝန်ဆောင်မှုပေးနိုင်ခြင်း၊ ငွေကြေးတောင့်တင်းခိုင်မာခြင်းနှင့် အဖွဲ့အစည်းခိုင်မာမှုရှိခြင်း၊ အပြည့်အဝ ယုံကြည်စိတ်ချမှုတို့ရရှိခြင်းတို့ကြောင့်ရွေးချယ်သင့်ပါသည်။ခရီးသွားခြင်းနှင့် ပတ်သက် သည့် Update New များကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရန်အတွက် Nice Fare Travel ၏ Facebook Page ကို Like and Share ပြုလုပ်ထားခြင်းဖြင့် လူကြီးမင်းတို့ ခရီးစဉ်များကို အဆင်ပြေလွယ်ကူအောင် Nice Fare Travel မိသားစုမှ ကူညီဆောင်ရွက် ပေးနိုင်မှာဖြစ်ပါသည်။

Enquiry Now !

    Contact Us

    No.137, Upper Pansoedan Road, Kandawgyi Yeik Mon Housing, Building No(Y8),Room No (102), Mingalar Taung Nyunt Tsp, Yangon(Front of Rose Garden Hotel)

    01-8393088 (Hot Line), 09-777761130. 09-777772353,
    09-777772354

    www.nicefaretravels.com

    About Nice Fare

    • Contacts
    • About Us
    • Services

    Web Developer: Myanmars.NET, Yangon, Myanmar. © Copyright 2024 by Nice Fare Travel & Tour